မိဿရာသီ(ARIES)
July 2nd မှ July 8th ကြား
စိတ်တိုင်းမကျစရာများတစ်ခုပြီးတစ်ခု ကြုံမည်။ ပြောဆိုလုပ်ကိုင်သမျှ သူတစ်ပါးနှင့်ဆန့်ကျင်ဘက်ဖြစ်နေ
မည်။ ရပ်တန့်ထားသော လုပ်ငန်းများ ပြန်လည် စတင်ဆောင်ရွက်နိုင်မည်။ တစ်ပိုင်းတစ်စ ဖြစ်နေသော
ကိစ္စများကို လည်းအပြီးသတ် ဆောင်ရွက်နိုင်မည်။ လုပ်ငန်းလုပ်သူများနေရာပြောင်းရမည်။တိုးတက်မည်။
ခရီးစီစဉ်သူများ အလိုရှိရာ ခရီးရောက်မည်။ မိသားစုတွင် လက်လွန်ထားသော ငွေပြန်ရမည်။အိမ်တွင်ရန်
ဖြစ်စကားများခြင်း မကြာခဏကြုံမည်။ အချစ်ရေးမကောင်း၊ အပေါင်းအသင်းများနှင့် လည်းရန်ဖြစ်ရမည်။
ပူးတွဲသော လူဟောင်းများနှင့် လက်တွဲဖြုတ်ရမည်။ညာခြေညာလက်တွင်မတော်တဆထိခိုက်တတ်သည်။
သူတစ်ပါး ကိစ္စအတွက် ဆောင်ရွက်ပေးခြင်း များအောင်မြင်မည်။
|
|